Popular Post

ဘန်ကောက်တွင် ကြော် ငြာရိုက်ကူးပြီး ပြန်လာသော မေ မြတ်နိုးသည် သရဖူသိမ်းခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော ကိစ္စ များကို အတိတ်မှာထားခဲ့ပြီး ရှေ့ ဆက်မည့် အနုပညာအတွက် ပရိ သတ်များအားပေးစေလိုကြောင်း မေမြတ်နိုးကပြောသည်။ ‘‘ဖြစ်ခဲ့တာတွေအားလုံးကို နောက်မှာထားခဲ့ပြီးတော့ ရှေ့ ဆက်ပြီး ဒီထက်မကကြိုးစားသွား မယ့်အတွက် ပရိသတ်တွေက မြတ်နိုးကို ဆက်လက်ပြီး အား ပေးကြပါလို့ ပြောချင်ပါတယ်’’ ဟု မေမြတ်နိုးကပြောသည်။ ဘန်ကောက်သို့ ဇူလိုင် ၆ ရက်က သွားရောက်၍ Skeyndor Skin Care ဓာတ်ပုံကြော်ငြာကို ထိုင်းနာမည်ကြီးမင်းသားနှင့် ရိုက် ကူးခဲ့ပြီး ဇူလိုင် ၁၀ ရက်က ပြန် လာခဲ့သည်။ ဘန်ကောက်တွင် ကြော်ငြာ ရိုက်ပြီး ပြန်လာလျှင် သရဖူသိမ်း ခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲ ပြု လုပ်မည်ဟု ပြောဆိုထားသော် လည်း မအားလပ်သေးသဖြင့် လုပ်ဖြစ်ဦးမည်မဟုတ်ကြောင်း မေမြတ်နိုးကပြောသည်။ ‘‘အခုရက်ပိုင်းတကယ်မ အားတော့ စီစဉ်ဖို့ အဆင်မပြေ သေးလို့ပါ။ အမေနဲ့ အရင်တိုင်ပင် နေတုန်းပဲရှိတော့လေ။ မအားတာ နဲ့ မစီစဉ်ရသေးဘူး’’ဟု မေမြတ် နိုးကပြောသည်။ လက်ရှိတွင် အိပ်မက်ဆုံရာ သူငယ်ချင်းများနှင့် အခွေထုတ် ရန် သီချင်းရှာနေပြီး ဒီဇင်ဘာ တွင် ထွက်ရှိမည့် အတွဲခွေတစ်ခု အတွက် ခရစ္စမတ်သီချင်းတစ် ပုဒ်သီဆိုပေးထားကြောင်း သိရ သည်။ သြဂုတ်လ(သို့) စက်တင် ဘာပထမပတ်တွင် တောင်ကိုရီး ယားသို့ သွားရောက်ကာ ကိုရီး ယားဘာသာစကား သင်ယူပြီး လေးပတ်ကြာကြိုတင်လေ့လာမှု များပြုလုပ်ကာ ဂီတအလုပ်များကို လုပ်ဆောင်တော့မည်ဖြစ် ကြောင်းသိရသည်။ မေမြတ်နိုးအပါအ၀င် မိန်း ကလေးလေးဦးဖြင့် ဖွဲ့စည်းလိုက် သော ‘‘MAPW’’အဖွဲ့ အမည်ဖြင့် ကိုရီးယားသီချင်းများ သီဆိုသွားမည်ဖြစ်ကြောင်း မေမြတ်နိုးက ပြောသည်။ ‘‘မြတ်နိုးအပါအ၀င် ကိုရီး ယားအဆိုတော် နှစ်ယောက်ရယ်၊ ယူရိုပီယံက ကောင်မလေး တစ်ယောက်ရယ်၊ နာမည်တော့ မပြောသေးဘူးရှင့်။ လေးယောက် ပါ။ အခွေနာမည်က ခရေဇီိလို့ခေါ်ပါတယ်။ အမ်တီဗီတွေပါ ရိုက် မယ်ရှင့်။ ဒီအခွေမှာ ဘယ်နှပုဒ်ပါမလဲ မသိသေးဘူးရှင့်’’ဟုမေမြတ်နိုးကပြောသည်။

Posted by : Software City Thursday, July 17, 2014

ဘန်ကောက်တွင် ကြော် ငြာရိုက်ကူးပြီး ပြန်လာသော မေ မြတ်နိုးသည် သရဖူသိမ်းခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော ကိစ္စ များကို အတိတ်မှာထားခဲ့ပြီး ရှေ့ ဆက်မည့် အနုပညာအတွက် ပရိ သတ်များအားပေးစေလိုကြောင်း မေမြတ်နိုးကပြောသည်။

‘‘ဖြစ်ခဲ့တာတွေအားလုံးကို နောက်မှာထားခဲ့ပြီးတော့ ရှေ့ ဆက်ပြီး ဒီထက်မကကြိုးစားသွား မယ့်အတွက် ပရိသတ်တွေက မြတ်နိုးကို ဆက်လက်ပြီး အား ပေးကြပါလို့ ပြောချင်ပါတယ်’’ ဟု မေမြတ်နိုးကပြောသည်။

ဘန်ကောက်သို့ ဇူလိုင် ၆ ရက်က သွားရောက်၍ Skeyndor Skin Care ဓာတ်ပုံကြော်ငြာကို ထိုင်းနာမည်ကြီးမင်းသားနှင့် ရိုက် ကူးခဲ့ပြီး ဇူလိုင် ၁၀ ရက်က ပြန် လာခဲ့သည်။

ဘန်ကောက်တွင် ကြော်ငြာ ရိုက်ပြီး ပြန်လာလျှင် သရဖူသိမ်း ခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲ ပြု လုပ်မည်ဟု ပြောဆိုထားသော် လည်း မအားလပ်သေးသဖြင့် လုပ်ဖြစ်ဦးမည်မဟုတ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘အခုရက်ပိုင်းတကယ်မ အားတော့ စီစဉ်ဖို့ အဆင်မပြေ သေးလို့ပါ။ အမေနဲ့ အရင်တိုင်ပင် နေတုန်းပဲရှိတော့လေ။ မအားတာ  နဲ့ မစီစဉ်ရသေးဘူး’’ဟု မေမြတ် နိုးကပြောသည်။

လက်ရှိတွင် အိပ်မက်ဆုံရာ သူငယ်ချင်းများနှင့် အခွေထုတ် ရန် သီချင်းရှာနေပြီး ဒီဇင်ဘာ တွင် ထွက်ရှိမည့် အတွဲခွေတစ်ခု အတွက် ခရစ္စမတ်သီချင်းတစ် ပုဒ်သီဆိုပေးထားကြောင်း သိရ သည်။

သြဂုတ်လ(သို့) စက်တင် ဘာပထမပတ်တွင် တောင်ကိုရီး ယားသို့ သွားရောက်ကာ ကိုရီး ယားဘာသာစကား  သင်ယူပြီး လေးပတ်ကြာကြိုတင်လေ့လာမှု များပြုလုပ်ကာ ဂီတအလုပ်များကို လုပ်ဆောင်တော့မည်ဖြစ် ကြောင်းသိရသည်။

မေမြတ်နိုးအပါအ၀င် မိန်း ကလေးလေးဦးဖြင့် ဖွဲ့စည်းလိုက် သော ‘‘MAPW’’အဖွဲ့ အမည်ဖြင့် ကိုရီးယားသီချင်းများ သီဆိုသွားမည်ဖြစ်ကြောင်း  မေမြတ်နိုးက ပြောသည်။

‘‘မြတ်နိုးအပါအ၀င် ကိုရီး ယားအဆိုတော် နှစ်ယောက်ရယ်၊ ယူရိုပီယံက  ကောင်မလေး တစ်ယောက်ရယ်၊ နာမည်တော့ မပြောသေးဘူးရှင့်။ လေးယောက် ပါ။ အခွေနာမည်က ခရေဇီိလို့ခေါ်ပါတယ်။ အမ်တီဗီတွေပါ ရိုက် မယ်ရှင့်။ ဒီအခွေမှာ ဘယ်နှပုဒ်ပါမလဲ မသိသေးဘူးရှင့်’’ဟုမေမြတ်နိုးကပြောသည်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Software City - Date A Live - Powered by Blogger - Designed by Johanes Djogan -