Popular Post

Posted by : Software City Thursday, July 17, 2014

 မန္တလေးမြို့တော်တွင်း ဖြစ်ပေါ်ခဲ့သော အချက်အလက်များ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှု မဖြစ်ပွားစေရန်နှင့် အချိန်အခါမရွေး ပြန်ကြည့်ရှုနိုင်ရန်အတွက် Data Center များထားရှိရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ စင်တာတွင် မန္တလေးမြို့တော်တွင်း ဖြစ်ပေါ်ခဲ့သော အချက်အလက်များ၊ အစည်းအဝေးပွဲများနှင့် အခြားလူမှုရေး၊ ဘာသာရေး၊ ပညာရေးပွဲများ၊ အစိုးရဌာန၊ အရပ်ဘက် အဖွဲ့အစည်းများ ပြုလုပ်ခဲ့သော ပွဲများမှ သိမ်းဆည်းရမည့် အချက်အလက်များကို ကြည့်ရှုနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ဘယ်တော့စဖွင့်ဖြစ်မယ်တော့ ပြောမရသေးဘူး။ အမြန်ဆုံး အကောင်ထည် ဖော်နိုင်အောင် ကြိုးစားနေကြပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အများပြည်သူအတွက်က အဓိကပါ။ ဘယ်လိုပွဲမျိုးပဲ လုပ်လုပ် သိမ်းထားရမယ့် အချက်တွေနဲ့ မှတ်တမ်းမှတ်ရာတွေကို သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးမသွားဖို့ အတွက်ရယ် အမြဲတမ်း လွယ်လင့်တကူ ပြန်ရှာဖွေ ကြည့်ရှုနိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ၎င်းက ထပ်မံဆိုသည်။ အဆိုပါ Data Center အဆောက်အအုံ တည်ဆောက်ရန် နေရာရှာဖွေလျက်ရှိပြီး သိမ်းဆည်းရမည့် အချက်အလက်များကို On Paper မှ Computer Data Usage စနစ်ဖြင့် လုပ်ဆောင်မည် ဖြစ်သောကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့ကျသွားမည်ဖြစ်ကာ အများပြည်သူ အတွက် များစွာ အထောက်အကူပြုနိုင်သော စင်တာတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ လိုအပ်သည့် နည်းပညာ အကူအညီများကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကူညီလုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မန္တလေးမြို့တော်တွင်း e-Government ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ပထမဆုံးအကြိမ် e-Government အထောက်အကူပြု သင်တန်းကို ကွန်ပျူတာ ပညာရှင်များအသင်း (မန္တလေး)တွင် ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ပထမအကြိမ် သင်တန်းတွင် ဝန်ကြီးဌာန ၁၅ ခုမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား ၃၀ ဦး တက်ရောက်သင်ကြားပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ကွန်ပျူတာ ပညာရှင်များအသင်း (မန္တလေး) တွဲဖက်အတွင်းရေးမှူး ဦးနေဝင်းအောင်က ပြောကြားခဲ့သည်

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Software City - Date A Live - Powered by Blogger - Designed by Johanes Djogan -