Popular Post

Posted by : Software City Thursday, July 17, 2014

ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ ကားမောင်းသူ တယောက်က သက်ကြီး အမျိုးသား တယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က တမင်သက်သက် ကားနဲ့ တိုက်ပြီး ဓားစာခံကို ဂရုမစိုက်ဘဲ ထားခဲ့ပုံကို ကားဒက်ရှ် ဘုတ်ပေါ်က ကင်မရာကနေ ရိုက်ကူးထားတဲ့ ရုပ်သံတခု ယူ ကျု အင်တာနက်စာမျက်နှာပေါ် တက်လာ ပါတယ်။

ယူကျုအကောင့် သုံးစွဲသူ အန်ဒရေ အစိုကင် တင်ပြထားတဲ့ ရုပ်သံထဲမှာ ဘီအမ်ဒဗလျူအမျိုးအစား အဖြူရောင် ကားမောင်းသူကို နစ်ဆန်းအမျိုးအစား အနက်ရောင် ကားမောင်းသူ သက်ကြီးအမျိုးသားက မှတ်ချက်ပေးအပြီး ကားထဲ ပြန်မ၀င်နိုင်ခင် တိုက်ပစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ကားကိုသာ စစ်ဆေးပြီး လူကို မကြည့်ဘဲ မောင်းထွက်ခဲ့ပါတယ်။ ဒီရုပ်သံကို မော်စကိုရဲတွေကို လက်ဆင့်ကမ်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး ဂျာမန်လုပ် ဘီအမ်ဒဗလျူကားအဖြူရောင် မောင်းသူနောက်ကို လိုက်ရှာနေပြီလို့ မော်စကိုရဲတွေက အခိုင်အမာ ပြောခဲ့ပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Software City - Date A Live - Powered by Blogger - Designed by Johanes Djogan -